
မယ်ဘုတ် - Home Made Food Delivery
ခုပဲ မယ်ဘုတ် Pageလေးကို Like & Follow လုပ်လိုက်ကြရအောင်နော်...
သန့်ရှင်းလက်ဆက်ပီး သူမတူတဲ့ အရသာတွေကြောင့် တစ်ခါစားပီးတိုင်း နောက်တစ်ခါ မှာယူသုံးဆောင် ချင်နေမှာက မယ်ဘုတ် ရဲ့ စေတနာပါ

အစားပုပ်လို့ မယ်ဘုတ်လို့ ခေါ်တာမဟုတ်
မယ်ဘုတ်က သာမန် အိမ်ရှင်မ တယောက်ပါ။ဘာသင်တန်းမှ မတက်ခဲ့သလို အပျော်တမ်း ဝါသနာ အဆင့်ပဲ ရှိပါတယ်ရှင့်။
ငယ်ငယ်ကတည်းက အချက်အပြုတ် ဝါသနာပါတော့ သူငယ်ချင်း မိတ်ဆွေတွေကို အမြဲချက်ကျွေးရင်း အဲ့ဒီ့ဘဝမှာ ပျော်မွေ့တဲ့သူပါနော်။ မယ်ဘုတ် ကိုယ်ပိုင် Facebook account မှာ မယ်ဘုတ်ချက်သမျှ တင်မိတိုင်း မိတ်ဆွေ သူငယ်ချင်းတွေက "ဟယ် စားချင်လိုက်တာ ဘယ်လိုလုပ်တာလဲ ငါတို့ကျ မစားရဘူး" ပြောကြတိုင်း မယ်ဘုတ် စိတ်မကောင်းဖြစ် အားနာမိတာ အမှန်ပါနော်။
တယောက်စီတိုင်း တယောက်စီတိုင်း လိုက်ဝေဖို့ကလည်း မယ်ဘုတ်မချမ်းသာဘူးကိုး။
ဒါကြောင့် အိမ်ချက်ဖြစ်ပြီး အပြင်ထက်လည်း ဈေးသက်သာရမယ်။ လူတန်းစားမရွေး စားသုံးနိုင်စေရမယ်။
သန့်ရှင်းလတ်ဆက်ပြီး အချိူမှုန့်ကင်းကင်းနဲ့ မယ်ဘုတ်ကိုယ်တိုင်ချက်ပြီး မလှူနိုင်ရင် ဈေးရောင်းဆိုသလို အားလုံးအဆင်ပြေအောင် မယ်ဘုတ် page လေး တည်ထောင်ခြင်းဖြစ်ပါတယ်နော်။
မယ်ဘုတ်က ကလေးငယ်လေး ရှိသေးတော့ စိတ်သွားတိုင်း ကိုယ်မပါ အမြဲတမ်းတော့ မရောင်းနိုင်ဘူးလေ။
ဒါကြောင့် တပတ်မှာ ၂ရက် အားလုံးလည်း အဆင်ပြေ မယ်ဘုတ်လည်း ကိုယ်ဝါသနာပါရာလေး ဈေးရောင်းခြင်း ဖြစ်ပါတယ်နော်(ထိုင်စားထက်စာရင် အလုပ်လေးရှိတော့ ဂုဏ်ရှိတာပေါ့ရှင့်😊)
တပတ်တခါ အိမ်မှာလည်း ချက်စားရင်း ကိုယ်နဲ့ စိတ်တူကိုယ်တူ မိတ်ဆွေ သူငယ်ချင်းများလည်း အသက်သာဆုံးဈေးနှူန်းများဖြင့် စားရစေရန် ရည်ရွယ်၍ တချက်ခုတ် နှစ်ချက်ပြတ် လုပ်လိုက်တာပေါ့နော်။
မယ်ဘုတ်ရောင်းသော အစားအစာများသည် အဓိက
✅သန့်ရှင်းလတ်ဆက်ရမည်။
✅အချိူမှူန့်လုံးဝမပါဝင်ပါ။
✅နေကြာဆီကိုသာ အသုံးပြူပါသည်။
တနိုင်တပိုင်လုပ်ငန်းလေးဖြစ်သောကြောင့် တဦးပဲ ရောင်းရ ရောင်းရ ကိုယ်ထက်သန်ရာ ကိုယ့်ဝါသနာမို့ မယ်ဘုတ်ကတော့ ကျေနပ်နေမှာပါ။
စာလေးကို အဆုံးထိ ဖတ်ပေးလို့လည်း ကျေးဇူးအထူးပါနော်။
🙏🙏🙏🌞
ရရှိနိုင်တာတွေကတော့
လက်ဆက်သန့်ရှင်းသော အောက်ပါ အစားအစာများ ဖြစ်ပါတယ်

ကော်ပြန်ကြော်မျိုးစုံ
ကြာဿပတေးနေ့တိုင်း

Dim Sum အပေါင်း မျိုးစုံ
Perfect Choice
နို့စိမ်း ခေါက်ဆွဲ
ထူးကဲချိုမြိန်

ဆိတ်ဝမ်းတွင်းသား(ဆိတ်ပုဆိုးကြမ်း)ဟင်းရည်
Perfect Soup Ever


Contact
🏠33လမ်း ၊ 87& 88 ကြား
ရွှေဘုံသာ ဘုန်းကြီးကျောင်းတိုက်နှင့် မျက်စောင်းထိုး အိမ်ပါ
Myanmar , Mandalay City
+959259415665

Opening Hours
Every Wednesday & Thursday